Dopamine

- နှလုံးနှင့် ပတ်သက်သော အခြေနေများတွင် ထိုးဆေးပုံစံနှင့် အသုံးပြုပါသည်။
- ဆရာဝန်ညွှန်ကြားမှုရှိမှ သာသုံးရပါမည်။
- နှလုံးနှင့်သွေးလည်ပတ်မှု ဆိုင်ရာအတွက် သုံးသော ဆေးတစ်မျိုး ဖြစ်ပါသည်။
- နှလုံးမှသွေးညှစ်ထုတ်အား ကောင်းစေရန်နှင့် ကျောက်ကပ်ဆီသို့ သွေးလည်ပတ်မှု ကောင်းစေရန် သုံးပါသည်။
အသုံးဝင်ပုံ
- သွေးပေါင်အလွန်ကျနေသော အချိန်များတွင် သုံးနိုင်ပါသည်။
- နှလုံးရောဂါဖောက်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ နှလုံးကောင်းစွာအလုပ်မလုပ်နိုင်ခြင်း၊ ကျောက်ကပ် ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း စသည့်အခြေအနေများတွင်း အသုံးပြုပါသည်။
အသုံးပြုပုံ
- အကြောဆေး(ထိုးဆေး)အနေနှင့် ပေးလေ့ရှိပါသည်။ Intropin ဆိုသည့် အမည်နှင့် တွေ့ရသည်။
- ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများ ညွှန်ကြားမှသာ အသုံးပြုရမည်။
- ဆေးသွင်းစဉ်သွေးပေါင်၊ သွေးခုန်နှုန်း၊ သွေးတွင်း အောက်ဆီဂျင် ပမာဏတို့ကို စောင့်ကြည့် ထားရပါမယ်။
ဘေးထွက်ဆိုးကျိုးများ
- ဆေးမတည့်ခြင်း(ယားယံခြင်း၊ ခန္ဓာကိုယ် မျက်နှာရောင်ရမ်းခြင်း၊ အသက်ရှုရခက်ခြင်း)
- ခေါင်းကိုက်ခြင်း၊စိတ်ရှုပ်ထွေးခြင်း
- မူးဝေပျို့အန်ခြင်း
အောက်ပါအချက်များဖြစ်ပေါ်လျင်ဆရာဝန်နှင့်ပြသရန်လိုအပ်ပါသည်။
- ရင်ဘတ်အောင့်ခြင်း
- ရင်တုန်ခြင်း
- ဆီးသွားရခက်ခြင်း
- ဆီးထဲသွေးပါခြင်း
- ဆေးထိုးထားသောနေရာက ရောင်ရမ်းနာကျင်ခြင်း
- သတိမေ့လဲခြင်း
- သတိထားရမည့်အချက်များ
အောက်ပါအချက်များ ခံစားနေရပါက ဆရာဝန်ကို ပြောပြထားသင့်ပါသည်။
- နှလုံးသွေးကြောဆိုင်ရာရောဂါများ
- သွေးခဲလွယ်ခြင်း
- ဆီးချိုရောဂါ
- နှင်းကိုက်ခြင်း
- ခြေထောက်ရှိသွေးကြောများကျဉ်းခြင်း
- ဆာလ်ဖိုက်ဓာတ်မတည့်ခြင်း
- ရင်ကြပ်ရောဂါ
- Phenelzine, Furazolidone အစရှိသည့် Monoamine Oxidase Inhibitor အုပ်စုဝင်ဆေးများကို ရက်သတ္တပတ် သုံးပတ် အတွင်း သောက်ထားခြင်း ရှိ၊ မရှိ။
ဤဆေးသည် ပမာဏနှင့်အကြိမ် မည်မျှမည်သို့ပေးမည်မှာ ရောဂါအခြေအနေ၊ လူနာ၏အသက်၊ ကိုယ်အလေးချိန် စသည်တို့အပေါ်မူတည်နေသောကြောင့် ဆရာဝန်ညွှန်ကြားမှုမပါဘဲ မသုံးစွဲရပါ။
ကိုယ်ဝန်ဆောင်နှင့်ကလေးငယ်များတွင် အသုံးပြုရန်အကြောင်း သေချာသိမှသာ ဆရာဝန် ညွှန်ကြားချက်အတိုင်းအသုံးပြုရပါမယ်။
ဆေးအာနိသင်
- မိမိသုံးစွဲနေသော ဆေးများအားလုံးကို ဆရာဝန်ကို ပြောပြထားသင့်ပါသည်။ အထူးသဖြင့် –
– Droperidol
– Epinephrine
– Haloperidol
– Phenytoin
– Vasopressin
– နှာစေးချောင်းဆိုးပျောက်ဆေးများ
– Beta blocker အုပ်စုဝင်ဆေးများ
– Ergot အုပ်စု ဝင်ဆေးများ
– Phenothiazine အုပ်စုဝင် ဆေးများ စသည်တို့က ဤဆေးအပေါ်တွင် သက်ရောက်မှု ရှိနိုင်ပါသည်။
ဆေးအရှိန်လွန်ခြင်း
ဆေးအရှိန်လွန်ပါက အသက်အန္တရာယ် ထိခိုက်သည်အထိ ဖြစ်နိုင်ပါသည်။
ဆရာဝန်၏ညွှန်ကြားချက်နှင့်သာ အသုံးပြုပါက ဆေးအရှိန် လွန်ရန် အခွင့်အလမ်းနည်းပါသည်။
ဆရာဝန်၊ကျန်းမာရေးဝန်ထမ်းများညွှန်ကြားမှသာအသုံးပြုရမည်။
Source– ဒေါက်တာချစ်စန္ဒီကျော်