Ginseng

ဂျင်ဆင်းအကြောင်း
- ဂျင်ဆင်းတွင် အမေရိကန် ဂျင်ဆင်း နှင့် ကိုရီယားဂျင်ဆင်း ဟူ၍ အဓိကအားဖြင့် နှစ်မျိုး ရှိပါတယ်။
- ဂျင်ဆင်းသည် သဘာဝ ဆေးဘက်ဝင် တစ်မျိုး ဖြစ်သောကြောင့် ကမ္ဘာတစ်ဝှမ်း အသုံးပြုမှုများလာပါတယ်။
- ဂျင်ဆင်းကို အကြောင်းအမျိုးမျိုးဖြင့် သုံးစွဲကြသော်လည်း ၎င်း၏ အသုံးဝင်အကျိုးပြုပုံ ကို တိတိကျကျ သုတေသန ပြနိုင်ခြင်းတော့ မရှိပါ။
- အခြားသော လေ့လာမှု တစ်ခုအရ ဂျင်ဆင်းသည် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။
ဘယ်မှာသုံးလဲ?
- ဂျင်ဆင်းကို ကျန်းမာရေးကောင်းမွန်စေရန် သုံးစွဲကြပါတယ်။ အဓိက အားဖြင့် ကိုယ်ခံအားစနစ်တိုးတက် ကောင်းမွန်စေရန် စိတ်ဖိစီးမှု နှင့် ရောဂါများ သက်သာပျောက်ကင်းစေရန် သုံးစွဲကြပါတယ်။
- ကိုရီးယား ဂျင်ဆင်းကို ဆီးချို အတွက်ကုရာတွင် လည်းကောင်း အမျိုးသားများတွင် ပန်းသေကုရာတွင် လည်းကောင်း အသုံးများပါတယ်။
- အမေရိကန် ဂျင်ဆင်းကို အအေးမိနှာစေး မဖြစ်အောင်ကာကွယ်ရာတွင် လည်းကောင်း ဆီးချို အတွက်ကုရာတွင် လည်းကောင်း သုံးပါတယ်။
- သို့ရာတွင် ဂျင်ဆင်းကို မွေးကင်းစ ကလေးနှင့် ကလေးများတွင် အသုံးမပြုသင့်ပါ။
ဘယ်လိုသုံးရမလဲ?
- သောက်ဆေး အမျိုးအစားဖြစ်ပါတယ်။ သောက်သုံးရန် ပမာဏသည် ဂျင်ဆင်းအမျိုးအစားပေါ် မူတည်၍ ကွာခြားပါတယ်။ မသေချာပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
- အချို့ ဂျင်ဆင်းများသည် အိပ်မပျော်စေသဖြင့် ညဘက်အိပ်ရာဝင်ခါနီး မသောက်သင့်ပါ။
- ထို့အပြင် ဂျင်ဆင်းကို ကာလရှည်ကြာ (၃လ ထက်ပိုပြီး) စွဲမသောက်သင့်ပါ။
ဘေးထွက်ဆိုးကျိုးဘာတွေရှိလဲ?
ကောင်းစွာ အိပ်မပျော်ခြင်းသည် အဖြစ်များသော ဘေးထွက်ဆိုးကျိုးဖြစ်ပါတယ်။ အခြားသော အဖြစ်နည်းသော ဆိုးကျိုးများမှာ-
- ခေါင်းကိုက်ခြင်း
- စိတ်အလိုမကျဖြစ်ခြင်း
- အစာအိမ်နာခြင်း
- ဓမ္မတာ မမှန်ခြင်း
- ရင်သားနာခြင်း
- မူးဝေခြင်း တို့ဖြစ်ပါတယ်။
- တစ်ခါတစ်ရံ သွေးပေါင်တက်ခြင်း ကျခြင်းများလည်း ဖြစ်တတ်ပါတယ်။
- အဆိုပါ ဆိုးကျိုးများ မသက်သာပါက သက်ဆိုင်ရာင ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဘာတွေသတိထားရမလဲ?
- ဂျင်ဆင်းဆေးတောင့်တွင် အခြားသောဆေးနှင့် ဖြည့်စွက်ပစ္စည်းများ ရောတတ်သဖြင့် ဆေးမသောက်မီ အညွှန်းကို သေချာဖတ်ရန်လိုပါတယ်။ ထိုပစ္စည်းများတွင် သင်နှင့် ဓါတ်မတည့်သော အရာများပါ ပါက မသောက်သင့်ပါ။
- ထို့အပြင် နှလုံးရောဂါသမားများ သွေးတိုးရောဂါသမားများ သွေးနှင့်ကိုယ်ခံအားစနစ် ရောဂါရှိသူများ အသည်းရောဂါရှိသူများ မသောက်သင့်ပါ။
- ဆီးချိုကို ကျစေသော်လည်း ဆီးချိုရောဂါသည်များသည် ဆီးချိုကုဆေးများ ထိန်းညှိရန်အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီးမှ သောက်သင့်ပါတယ်။
- ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတွင် မသောက်သင့်ပါ။
- ထို့အပြင် အရက်နှင့် ဆေးခြောက်သုံးစွဲသူများသည် တွဲဖက် မသောက်သုံးသင့်ပါ။
ဆေးအာနိသင်ဘယ်လိုရှိလဲ?
- Warfarin နှင့် Heparin ကဲ့သို့သော သွေးကျဲဆေးသောက်သူများ Aspirinနှင့် အခြား NSAIDအမျိုးအစား အကိုက်အခဲပျောက်ဆေး သောက်နေသော သူများနှင့် Prednisone ကဲ့သို့သော စတီးရိုက် သောက်နေသူများ မသောက်သင့်ပါ။
- ထို့အပြင် စိတ်ကျန်းမာရေးဆေးများ သောက်နေသူများလည်း ဂျင်ဆင်းနှင့်တွဲ မသောက်သင့်ပါ။
- ကဖိန်းဓါတ်ပါသော အစာများသည် ဂျင်ဆင်း၏ ဘေးထွက်ဆိုးကျိုးများ ပိုမိုဆိုးရွားစေသဖြင့် ကော်ဖီ လက်ဖက်ရည် စသည်တို့ကိုလည်း ရှောင်ရှားသင့်ပါတယ်။
ဆေးသောက်လွန်ရင်ဘာတွေဖြစ်မလဲ?
- ဂျင်ဆင်းအလွန်အကျွံသုံးစွဲပြီး အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုး လက္ခဏာများ ဆိုးရွားပါက သို့မဟုတ် အသက်ရှုရခက်ပါက အဆိပ်ကုဌာန သို့ အမြန်ဆုံးသွားရန် လိုပါတယ်။
- ဆေးများကိုဘယ်ဆေးမဆိုဆရာဝန် သို့မဟုတ် တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေးဝန်ထမ်းများရဲ့ ညွှန်ကြားမှုနဲ့သာ တိတိကျကျသောက်သင့်ပါတယ်။
- မိမိသဘောနဲ့ဆေးဖြတ်ခြင်းရပ်ခြင်းမပြုလုပ်သင့်ပါ။
- ဘေးထွက်ဆိုးကျိုးပြင်းထန်စွာခံစားရပါကဆရာဝန်နဲ့တိုင်ပင်ပါ။