စကားထစ်တဲ့သူတွေအတွက် နည်းလမ်းကောင်း


စကားထစ်တဲ့သူတွေဟာ လူကြားထဲစကားပြောဖို့အတွက် မဝံ့မရဲဖြစ်တတ်ကြပါတယ်။ စကားလုံးဆိုတာ လူတစ်ဦးနဲ့တစ်ဦးကြား ဆက်သွယ်ရတဲ့ သင်္ကေတတစ်ခုပါ။ စကားပြောဖို့ရှက်ကြောက်နေရင် ဆက်သွယ်ရေးမှာ အနှောင့်အယှက်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် စကားမထစ်အောင် လေ့ကျင့်ရမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

စကားထစ်တယ်ဆိုတာ စကားတစ်လုံးနဲ့တစ်လုံးကြားမှာ အဆက်ပြတ်သွားခြင်း၊ စည်းချက်မညီခြင်း၊ အဟုန်မမှန်ခြင်းစတဲ့ စကားပြောချို့တဲ့တဲ့ ရောဂါဖြစ်ပါတယ်။ စကားထစ်ခြင်းဟာ အသက်အရွယ်မရွေးဖြစ်ပွားတတ်ပါတယ်။ အများအားဖြင့် ကလေးငယ်(ယောကျ်ားလေး)တွေမှာ အဖြစ်များပါတယ်။

စကားထစ်တာ သက်သာအောင် ဘယ်လိုနည်းလမ်းတွေသုံးကြမလဲ


(၁) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ

စကားထစ်တဲ့ပြဿနာကို ကျော်လွှားနိုင်ဖို့အတွက် ဆရာဝန်နဲ့အရင်တိုင်ပင်ပါ။ စကားထစ်တာကို ငယ်ငယ်တည်းက ကုရင် အကောင်းဆုံးပါပဲ။ အသက်ကြီးမှ ဆိုရင် ကုသရ ခက်ခဲပါတယ်။ ဆရာဝန်နဲ့ဆက်သွယ်ဖို့ မနှောင့်နှေးသင့်တဲ့အချိန်ရှိပါတယ်။ ဒီလိုတွေဖြစ်ပြီဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

(၂) စကားပြောမြန်တာကို ထိန်းချုပ်ခြင်း

စကားသွက်အောင်ပြောခြင်း၊ စကားမြန်မြန်ပြောခြင်းတွေဟာ စကားထစ်ခြင်းအပေါ် သက်ရောက်မှုရှိပါတယ်။ ဖြည်းဖြည်းပြောလာအောင် လေ့ကျင့်တာက ဘယ်အချိန်မှာ ဘယ်စကားလုံးက သင့်ကို ထစ်အောင်လုပ်နေတာလဲဆိုတာ သိနိုင်ပါတယ်။ (၃) စကားပြောနေစဉ်မှာ စိတ်ကိုဖြေလျော့ထားပါ

စကားပြာတော့မယ်ဆိုရင် ကိုယ်ပြောချင်တဲ့စကားလုံးအတွက် အချိန်ယူပါ။ အချိန်အများကြီးပေးပါ။ ဒါမှတည်ငြိမ်မှုကို ရရှိမှာပါ။ (၄) စကားထစ်ခြင်းကိုဖြစ်စေတဲ့ အကြောင်းအရာအား ရှာဖွေပါ

စကားထစ်စေတဲ့အကြောင်းအရာက ၃ မျိုး ရှိပါတယ်။ ဖွံ့ဖြိုးမှုနဲ့ဆိုင်သော၊ အာရုံကြောနှင့်ဆိုင်သော၊ စိတ်နှင့်ဆိိုင်သော စကားထစ်ခြင်းဆိုပြီး ရှိပါတယ်။
၁။ ဖွံ့ဖြိုးမှုနှင့်ဆိုင်သော စကားထစ်ခြင်း
ဖွံ့ဖြိုးမှုနှင့်ဆိုင်သော စကားထစ်ခြင်းဟာ ကလေးဘဝငယ်ငယ်ထဲက စဖြစ််ပါတယ်။ ကလေးအများစုက စကားပြောရင် အနည်းငယ်တော့ထစ်တတ်ပါတယ်။ ဒါပေမဲ့ အသက်ကြီးလာရင် ထစ်တာတွေပျောက်သွားပါတယ်။ တချို့က စကားထစ်တာမပျောက်ဘဲ ကျန်နေခဲ့ပါတယ်။ ဖွံ့ဖြိုးမှုနှင့်ဆိုင်သော စကားထစ်ခြင်းဟာ မျိုးရိုးလိုက်တတ်ပါတယ်။

၂။ အာရုံကြောနှင့်ဆိုင်သော စကားထစ်ခြင်း
အာရုံကြောနှင့်ဆိုင်သော စကားထစ်ခြင်းဟာ ရောဂါတစ်ခုခုကို ပြင်းပြင်းထန်ထန်ခံစားပြီးမှ ရရှိလာတာပါ။ လေဖြတ်ခြင်း၊ ခေါင်းကိုပြင်းပြင်းထန်ထန် ဒဏ်ရာရပြီးနောက်မှာ စကားထစ်တတ်ပါတယ်။ ဘာသာစကားနှင့်ဆိုင်သော ဦးနှောက်အစိတ်အပိုင်းနဲ့ စကားပြောနိုင်မယ့် ကြွက်သားတွေကြားမှာရှိတဲ့ ဆက်နွယ်မှုပြတ်တောက်ခြင်း၊ အားနည်းလာခြင်းတို့ကြောင့် ဖြစ်ပွားတတ်ပါတယ်။

၃။ စိတ်နှင့်ဆိုင်သော စကားထစ်ခြင်း
စိတ်နှင့်ဆိုင်သော စကားထစ်ခြင်းဟာ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတစ်ခုခုကြောင့် ရရှိလာတဲ့အကျိုးဆက် ဖြစ်ပါတယ်။
သင်ကိုယ်တိုင်စကားမထစ်ပေမဲ့လည်း စကားထစ်သူတွေနဲ့တွေ့တဲ့အခါ သူတို့အဆင်ပြေအောင် အကူအညီပေးလို့ ရပါတယ်။

(၁) ရုတ်တရက်စကားစမဖြတ်လိုက်ပါနဲ့။ စကားစဖြတ်လိုက်တာက သူတို့ကိုပိုပြီး ရှုပ်ထွေးသွားစေပါတယ်။
(၂) စကားထစ်တဲ့ကလေး ဒါမှမဟုတ် လူကြီးနဲ့စကားပြောတဲ့အခါ စကားဖြည်းဖြည်းပြောပေးပါ။ အလောမကြီးမဟုတ်ဘဲ ဖြည်းဖြည်းမှန်မှန် ပြောပေးတာဟာ သူတို့ကို ဖိအားမများစေဘဲ စကားထစ်တာလည်း နည်းလာမှာပါ။
(၃) သူတို့ပြောတဲ့ စကားလုံးတိုင်းကို စိတ်ဝင်စားကြောင်းပြပါ။ သူတို့နဲ့ မျက်လုံးချင်းဆုံပြီး ပြောသမျှကို နားစိုက်ထောင်ပါ။
(၄) ကလေးငယ်တွေ စကားထစ်တဲ့အခါ သူတို့ကိုစိတ်ရှုပ်ထွေးတဲ့ အမူအရာမျိုး မပြပါနဲ့။ စကားထစ်တဲ့သူတွေဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုအားနည်းတတ်ကြပါတယ်။ ဒါကြောင့် သူတို့အဆင်ချောချော ပြောနိုင်တဲ့အခါမှာ ချီးကျူးပါ။ စကားမထစ်အောင် လေ့ကျင့်ဖို့အားပေးပါ။ ထောက်ပံ့ပေးပါ။

Source-Paing